ပုသိမ်ကြီး ဇွန် ၄
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ် မန္တလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ အမျိုးသားအသင်းတွင် ပထမဆုရရှိသည့် ပြည်ကြီးတံခွန်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသည့် ချမ်းမြသာစည်မြို့နယ်အသင်း၊ တတိယဆုရရှိသည့် မဟာအောင်မြေမြို့နယ်အသင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရသည့် ချမ်းအေးသာစံမြို့နယ်အသင်း ဒုတိယဆုအောင်မြေသာစံမြို့နယ်အသင်း၊ တတိယဆုရရှိသည့် ချမ်းမြသာစည်မြို့နယ်အသင်းတို့အား ဆုကြေးငွေနှင့်ဆုတံဆိပ်ပြားများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးမှ (အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ်အသင်းနှင့် (အမျိုးသမီး) ပြိုင်ပွဲတွင်ပထမဆုရရှိခဲ့သည့် ချမ်းအေးသာစံမြို့နယ်အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ဆုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆုချီးမြှင့်ပွဲသို့ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ခရိုင်အတွင်းရှိမြို့နယ်များမှ အားကစားအရာရှိများနှင့်ဝန်ထမ်းများ၊ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများတက်ရောက်ခဲ့ကြပြီး၊ ပြိုင်ပွဲအား ဇွန်လ ၂ ရက်နေ့မှ စတင်ကာ ၃ ရက်ကြာ ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာနည်ကိုကို