ရေး ဇွန် ၆
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာ၊ ရေပေါ်သောင်ကွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီး၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပင်လယ်ကဗွီးပင် (၂၀၀)ပင် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
အဆိုပါ အံဒင်ကျေးရွာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောများကိုထိန်းသိမ်းသည့်အနေဖြင့် နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ပင်လယ်လေကာတန်းပင်အဖြစ် ပင်လယ်လေကာတန်းပင်အဖြစ် ပင်လယ်ကဗွီးပင် (၂၀၀)ကို မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/ရွာသားများမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ရေး၊ ပြန်/ဆက်