ဝေါ ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မိုးရာသီ၌ မြို့ပေါ် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် အဓိကကြသည့် ပင်မရေမြောင်းများနှင့် ရေနုတ်မြောင်း တူးဖော်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က ရန်ကုန်-မော်လမြိုင်လမ်းဘေးဝဲယာရှိ ရေမြောင်းအတွင်းမှ အမှိုက်များ၊ ခြုံနွယ်များနှင့် နုန်းများကို လူအင်အား၊ စက်ယန္တရားအင်အားတို့ဖြင့် တူးခြင်း/ဖို့ခြင်း၊ ဆယ်ယူခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မိုးရာသီရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး၊ ခြင်/ယင်များ ပေါက်ဖွားမှုမရှိစေရေ၊ ရေစီးရေးလာကောင်းမွန်စေရေးနှင့် ရပ်ကွက်ပြည်သူများ ကျန်းမာရေးမထိခိုက်စေရန် ရည်ရွယ်ကာ ရန်ကုန်-မော်လမြိုင်လမ်းဘေးဝဲယာ၊ ဘူတာလမ်းဘေး ဝဲယာနှင့် မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ မြေသားရေမြောင်းများ၊ အုတ်ရေမြောင်းများကို လူအင်အား၊ စက်ယန္တရားအင်အားတို့ဖြင့် အမှိုက်များ၊ ခြုံနွယ်များနှင့် နုန်းများကို တူးခြင်း/ဖို့ခြင်း၊ ဆယ်ယူခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
စိုးမိုး(ပြန်/ဆက်)