ရွှေပြည်သာမြို့နယ်၌ အခြေခံစားသောက်ကုန်များ လာရောက်ရောင်းချပေး

ရွှေပြည်သာ   ဇွန်  

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ဆန်၊ဆီ၊ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် အမှတ်    (၂၆)ရပ်ကွက်၌ လာရောက်ရောင်ချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်ချပေးရာတွင် ဆန်ချော()ပြည် ၁၇၀၀ ကျပ် ဆန်ကြမ်း ()ပြည် ၁၀၀၀ ကျပ် ဆီ(၅၀)ကျပ်သား တစ်ဗူးလျှင်၂၇၀၀ကျပ် ကြက်ဥ ၁၀ လုံး ()ကတ်လျှင် ၁၇၀၀ကျပ်တို့ဖြင့် ရပ်ကွက်နေပြည်သူများအား ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်။

ဈေးရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)