တောင်ငူ ဇွန် ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ ပြည်သူများစာပေနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန်၊ စာပေဖတ်ရှုလေ့လာလိုသည့် ပြည်သူများထံသို့ စာအုပ်များအရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့်သွားရောက်ကာ ယနေ့နံနက်ပိုင်းက စာအုပ်များငှားရမ်းပေးလျက်ရှိသည်။
ထိုသို့ငှားရမ်းရာတွင် ခရိုင်ပညာရေးမှူးရုံးနှင့် ပြည်တော်သာတိုက်ဝန်ထမ်းအိမ်ရာတို့တွင် စာအုပ်ငှားရမ်းသူ ၂၄ ဦး စာအုပ်ပေါင်း ၄၆ အုပ်ကို ငှားရမ်းဖတ်ရှုချိန်နှစ်ပတ်ကြာအထိ ဖတ်ရှုနိုင်ရန် ငှားရမ်းပေးပြီး အသင်းဝင်ကတ်ပြားများရရှိရေးအတွက် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျန်ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်ကာ နေ့စဉ်နံနက် ၉ နာရီမှ စတင်၍ အလှည့်ကျစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)