သထုံမြို့နယ်တွင် မိုးကြိုးထိမှန်သေဆုံးခဲ့ရသူအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

သထုံ ဇွန်  ၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုကတိုက်ကျေးရွာ၌ မိုးကြိုးထိမှန်ပြီးသေဆုံးခဲ့ရသည့်  ပြည်သူတစ်ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့ငွေများကို  ယနေ့နံနက် ၁၁ နာရီခွဲ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သထုံမြို့နယ်၊  ဓနုကတိုက်ကျေးရွာအုပ်စုရှိ လယ်ကွင်းအတွင်း ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းက ကောက်စိုက်နေသည့်  မပိုပိုမှာ မိုးကြိုးထိမှန် သေဆုံးခဲ့ရာ သေဆုံးထောက်ပံ့ငွေကျပ် (၃၀၀၀၀၀)အား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က သေဆုံးသူ၏မိသားစုထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဝန်ထမ်းများ၊ ‌ဓနုကတိုက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ သေဆုံးသူ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နဒီ(ခရိုင်ပြန်/ဆက်)