ညောင်ဦး ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး မြေနေ ရာအသုံးပြုထားသည့် မြေနေရာအတွက်၊ညောင်ဦးမြို့နယ်တောင်သူများလက်ဝယ်သို့မြေယာလျော် ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့် နှင့်မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးအဖွဲ့၊ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့များ တက်ရောက်ကြပြီး အသုံးပြုထားမြေနေရာသည် ညောင်ဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၃၅၊ ၃၅ ၊ ၃၆ ၊ ၃၇ ၊ ၃၈၊ ၃၉၊ ၄၀၊ ၄၁ ၊၄၂ ၊ ၄၃) မြေဧရိယာ (၉.၅၅)ဧကအနက်မှ ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမြေနေရာအဖြစ် အသုံးပြုလျက်ရှိသည့် မြေဧရိယာ (၉.၁၈)ဧကအား မူလမြေပိုင်ရှင်တောင်သူများထံသို့ မြေဧရိယာ တစ်ဧကလျှင် ငွေကျပ် (၁၂၅)သိန်းနှုန်းဖြင့် လျော်ကြေးပေးချေရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေဧရိယာ (၉.၁၈)ဧကအတွက် မြေယာလျော်ကြေးငွေ (၁၁၄၇၅၀၀၀၀)ကျပ်၊ တစ်ထောင်တစ်ရာလေးဆယ်ခုနှစ်သိန်းငါးသောင်းကျပ်တိတိအား မူလမြေပိုင်ရှင်တောင်သူများထံသို့ အသိသက်သေများရှေ့ မှောက်တွင်မြေယာ လျော်ကြေးပေးအပ်ခဲ့ကြောင်းသိရသည်။
ကိုကြေးမုံ