မင်းလှမြို့ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်

အထက်မင်းလှ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့ညနေ ၄ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး မှူးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် အဘိုးအဘွား တစ်ဦးလျှင် လူမှုရေးပင်စင်(၃၀၀၀၀/-)ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၈၀၈)ဦးအတွက်‌ ငွေကျပ်(၂၄၂၄၀၀၀၀/-)ကို နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇာဇာ (အထက်မင်းလှ)