သတင်းများ

ကျိုက်ထိုမြို့နယ်ရှိ ရှေးဟောင်းစေတီတော်အား ရွှေထီးတော်တင်လှူ
Jun 21,2022
ကျိုက်ထိုမြို့၏ဂုဏ်သရေဆောင်ဆု တောင်းပြည့်ရွှေဘုံသာဝင်းအတွင်း ရှေးဟောင်းစေတီတော်(၄၇)ဆူအနက် ဉာဏ်‌တော်အမြင့်(၂၇)တောင်ရှိ စေတီတော်တစ်ဆူအား သာသနာ‌တော်နှစ် ၂၅၆၆ခု ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်  နယုန်လပြည့်ကျော် ၈ ရက် ဇွန်၂၁ ရက်နံနက် ၈ နာရီတွင် အလှူရှင် ဦးမြင့်သိန်း + ဒေါ်ခင်လှ (စက်သုံးဆီနှင့်ဆန်ရောင်းဝယ်ရေး) မိသားစုမှ မူလအလှူရှင်များအား ရည်စူးအမှူးထား၍ အသစ်မွန်းမံပြုပြင်၍ ရွှေထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့သည်။
ပဲခူးတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jun 21,2022
ပဲခူးတက္ကသိုလ်တွင် ပညာရေးနှင့်အားကစားပေါင်းစပ်ပြီး ကျောင်းသား/သူများ၏ အားကစား အရည်အသွေးကို မြှင့်တင်ရန်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းသား/သူများ အချင်းချင်း ချစ်ကြည်ရင်းနှီး၍ ကျန်းမာရေးပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် စစ်မှန်သာ အားကစား စိတ်ဓာတ်ဖြင့် အားကစားကိုချစ်မြတ်နိုးလာစေရန်၊ နိုင်ငံတော်မှ ရည်မှန်းထားသော ထူးချွန်အားသော ဉာဏ်ရည်မြင့်မားသည့် မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈:၃၀)နာရီက ပဲခူးတက္ကသိုလ်ရှိ အားကစားရုံ၌ ကျင်းပခဲ့သည်။
ascမြဝတီခရိုင်၌ ကုန်တင်၊ကုန်ချဝန်ထမ်းမိသားစု(၄၀၀)ကျော်တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး
Jun 21,2022
ကိုဗစ်-၁၉ရောဂါ ကင်းရှင်းစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင် ရုံးဌာန/အဖွဲ့အစည်းများ၊ ဈေးများ၊ အခြေခံ ပညာကျောင်းများ၊ မြို့ပြ/ကျေးလက်မကျန် နိုင်ငံတော်မှ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံ
သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆရာအတက်ပညာဦးစီးဌာန၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော
သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေများဆက်လက်ထုတ်ပေး
Jun 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jun 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များ နှင့် ( Women Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ မောင်ရင့်ကျူးရေးသားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှု ဆောင်းပါးများ” စာအုပ်ဖြင့် ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး တတိယအကြိမ် (Booster dose)ဆက်လက်ထိုးနှံပေး
Jun 21,2022
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး