ရမည်းသင်း ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အမှတ်(၉၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရမည်းသင်းခရိုင်)ကအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက ရတနာပုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင်၊ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ရမည်းသင်းခရိုင်)၊ ဒုရဲမှူးကျော်မိုးလှိုင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပတ်သက်၍ အသိပညာပေးဟောပြောပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအန္တရာယ်ကို ဗီဒီယိုကလစ်ဖြင့် ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့မှဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၅၁၅)ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)