ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk show) ပြုလုပ်

ကွတ်ခိုင် ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရယ်ဆိုင်ရာစီးမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk show) ‌ဆွေးနွေးပွဲအား ယနေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဌေးဌေးဝင်းက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စန္ဒာထွေးက မိုးရာသီတွင်ဖြစ်တတ်သော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် မိုးကြိုးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဤသို့အသိပညာပေးရာတွင် မိုးကြိုးပစ်ခြင်းကမည်သို့ ဖြစ်ပေါ်လာနိုင်ပြီး၊ မိုးကြိုးဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် ကာကွယ်ရမည့်အချက်များ အားအချက်(၃)ချက်ခွဲ၍ ပြည်သူလူထုအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရပါသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)