လားရှိုးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်
Jun 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျောင်း၌ ယနေ့နံနက် (၈)နာရီခွဲက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားပြုလုပ်ရာ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း တက်ရောက်အားပေး ကြည့်ရှုခဲ့သည်။