သတင်းများ

ကြို့ပင်ကောက်မြို့နယ်မှ ငါးဘာသာဂုဏ်ထူးရှင်နှင့်မိဘတို့၏ ရင်တွင်းစကားသံများ
Jun 19,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ ငါးဘာသာဂုဏ်ထူးရှင်နှင့် မိဘတို့၏ ရင်တွင်းစကားသံများကို အခုလိုပဲကြားသိခဲ့ရပါတယ်။
ကြက်သွန်နီဈေးများ တရိပ်ရိပ်မြင့်တက်
Jun 19,2022
မန္တလေးမြို့တွင် စားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်သွန်နီဈေးမှာယခင်လ ၁ ပိဿာကျပ် တစ်ထောင်ကျော်မှ ယခုလအတွင်း ၁ ပိသာ ကျပ်နှစ်ထောင်ကျော်အထိ ကုန်းဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။
သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲပြုလုပ်
Jun 19,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၇ ရက်နေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင် ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသား/ကျောင်းသူများအား ပုံပြော၊ ကဗျာရွတ် ပြိုင်ပွဲများပြုလုပ်ပေးပြီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။
ကသာမြို့ ပညာရေးဒီဂရီကောလိပ်တွင် “လူငယ်နှင့်အားကစားအသိပညာပေး ဟောပြောသရုပ်ပြပွဲ၊ မြန်မာ့သိုင်းသရုပ်ပြပွဲနှင့် သင်တန်းဖွင့်ပွဲ” ကျင်းပ
Jun 19,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ ပညာရေးဒီဂရီကောလိပ်တွင်  ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တ‌နှင့် စည်းကမ်းကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ အားကစားစိတ်ဓာတ်မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီအချိန်က “လူငယ်နှင့်အားကစားအသိပညာပေးဟောပြောသရုပ်ပြပွဲ၊ မြန်မာ့သိုင်း သရုပ်ပြပွဲ နှင့် သင်တန်းဖွင့်ပွဲ” ကို ကျင်းပပြုလုပ်ခဲ့သည်။
မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သည့် ကျောင်းသားများ၏ ရင်တွင်းစကားသံများအားTalk Show မှတဆင့်ထုတ်လွှင့်တင်ဆက်
Jun 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင်၂၀၂၁- ၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းပြင်ပပညာရေးသင်ယူရင်း အ.ထ.က (မလတ်တို) ကျေးရွာကျောင်းတက်ရောက်ခွင့်ရရှိကာ သင်ကြားခဲ့သည့်မောင်ထွန်းဘိုဘို (သမိုင်း) ဘာသာဂုဏ်ထူးရှင့်နှင့် ရိုးရိုးအောင်မြင်ခဲ့သည့် မောင်အောင်ဖြိုးဝေ(၂)ဦးအား ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီက မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌အောင်မြင်သူ ၂ ဦး၏ ရင်တွင်းစကားသံများအား Talk Show အစီအစဉ်ဖြင့်တင်ဆက်ခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင်ရုံးတွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Jun 19,2022
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းကို zoom application ဖြင့်  ဇွန် ( ၁၅ ၊ ၁၆၊ ၁၇)ရက်နေများတွင် ညနေ(၆)နာရီမှ (၈)နာရီအထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပင်းတယမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးသင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 18,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့ စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီလူထုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jun 18,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း မြို့ဝင်မြို့ထွက် စိမ်းလန်း စိုပြည်သာယာလှပစေရေး အတွက် မိုးရာသီ လူထုလှုပ်ရှားမှု သစ်ပင် စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီမှစ၍ စဉ့်ကူးမြို့အဝင် စဉ့်ကူး-လက်ပံလှ ကားလမ်းဘေးဝဲယာတလျှောက်နှင့် မန္တလေး-မိုးကုတ် ကားလမ်းဘေးဝဲယာ မိုင်တိုင် အမှတ် ၃၅/၅ မှ ၄၅/ ၆ အထိတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။