သတင်းများ

ဆီဆိုင်မြို့နယ်၌ (၇၆)နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအား ကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ကုန်းဆွတ်ကျေးရွာအုပ်စု၊ မြေနီ(လင်လျန်) ကျေးရွာဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ စားသုံးသူရေးရာအသိပညာပေး(Talk Show )ကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွမ်းခြံကုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ Community Centre ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show ကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇန၌ ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့တွင် အရပ်ရပ်ဆိုင်ရာလိုင်စင်များ ပထမအကြိမ်လေလံတင်ရောင်းချ
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့အစည်းဝေးခန်းမတွင် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ  လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
သာယာဝတီမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ယနေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ဝါးခယ်မမြို့နယ် အ.ထ.က (ကလ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်
Jan 18,2023
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ကလ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
သရေခေတ္တရာပြည်ဒေသအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ခရီးသွားလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး
Jan 18,2023
ပဲခူးတိုင်းဒေသကြီး၊ သရေခေတ္တရာပြည်မြို့နှင့် ဒေသအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အလင်္ကာဟိုတယ်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဒေသခံခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဆောင်ရွက်
Jan 18,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ပြည်သူများယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့သီရိရတနာစျေးရှေ့ မီးပွိုင့်အနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။