ဘောဂလိမြို့တွင် ဒေသထွက်သဘာဝနနွင်းချောက် တစ်ပိဿာငွေကျပ် ၅၀၀၀ ဖြင့်ရောင်းချ
Jan 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေ ရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့် လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ရောင်းချရာတွင်လည်း နနွင်းခြောက် တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချနေရ၍ နနွင်းစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။