သတင်းများ

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Jan 18,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်  မြို့နယ် ရုံးဝန်ထမ်းများက စိုက်ပျိုးသိပ္ပံ(ပျဉ်းမနား)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  သွားရောက် ငှားရမ်းပေးကြသည်။
သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးငယ်များ ကာယစွမ်းရည်/ဉာဏစွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။
တံတားဦးမြို့နယ် နွားကျော်ဒရပ်တွင် ကွန်ကရစ်ကန်လုပ်ငန်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေများရရှိ
Jan 18,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် နွားကျော်ဒရပ်တွင် ကွန်ကရစ်ကန်လုပ်ငန်းဖြင့် မိသားစု တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
အုတ်ဖိုမြို့နယ် အ.ထ.က အေးမြသာယာတွင် လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ
Jan 18,2023
 အနာဂတ် လူငယ်လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က အေးမြသာယာတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုးနဲမြို့နယ် အမှတ် (၁၇) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ် (၁၇) နားလင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ကိုက်လန်တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ တောင်သူများ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ
Jan 18,2023
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ကိုက်လန်စိုက် တောင်သူများ မိသားစု အပိုဝင်ငွေရရှိသည်။ မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး၊
အမရပူရမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအကြိမ် (Booster Dose) ထိုးနှံမှုကိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကွင်းဆင်းကြည့်ရှု
Jan 18,2023
အမရပူရခရိုင်ခရိုင်၊အမရပူရမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ် ထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ်(Booster Dose)ကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းကလေးကျွန်း ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက(၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်
Jan 18,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကုလားပဲ စိုက်တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသော ကုလားပဲများကို သိပ္ပံနည်းကျ စိုက်ပျိုးစနစ်ဖြင့်‌ ပြောင်းလဲစိုက်ပျိုးလာကြပြီး ဆောင်းကုလားပဲစိုက်ဧက (၂၂၆၈၅)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင စာရင်းအင်းဦးစီးဌာနမှ သိရသည်။