ဘိုကလေး ဇန်နဝါရီ ၁၆
တရားမဝင် ငါးဖမ်းဆီးမှုမရှိစေရေးနှင့် ငါးမျိုးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့ နေ့လယ် (၂) နာရီခန့်တွင် ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စုရှိ ရွှေထူးရေရိုး အတွင်း၌ ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့သည်။
စစ်ဆေးရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ခေတ္တမြို့နယ်ဦးစီးမှူး ဦးအောင်အောင်ဆွေနှင့် ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းထားသောအဖွဲ့သည် ရေရိုးအတွင်း၌ ငါးဖမ်းဆောင်ရွက်နေသူများအား ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ်ထားသည့် ငါးဖမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ညီ/မညီ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ငါးသယံဇာတ ထိန်းသိမ်းနိုင်ရန် တားမြစ်ချက်များအား လိုက်နာရှောင်ရှားနိုင်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)