မင်းလှ ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြို့မစည်ပင်သာယာဈေးအတွင်း တရားမဝင်အိမ်သုံးဆေးဝါးအတုများနှင့် Very good အမှတ်တံဆိပ်ကော်ဖီမစ်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့မစည်ပင်သာယာရေးအဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ဆေးဝါးရောင်းချသောဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ရရှိထားသော ဆေးဝါးများကိုသာရောင်းချရန်နှင့် Brand name ဆင်တူသောတရားမဝင်ဆေးဝါးများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန် စစ်ဆေးအသိပညာပေးပြောကြားပြီး ကုန်အမှတ်တံဆိပ် အတုအစစ်ခွဲခြားခြင်းကို နမူနာမှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ စားသောက်ကုန်ရောင်းချသော ဈေးဆိုင်များတွင် Very good အမှတ်တံဆိပ် ကော်ဖီမစ်ရောင်းချခြင်းရှိမရှိကိုစစ်ဆေး၍ တရားမဝင်ကုန်စည်များရောင်း ချခြင်းမပြုရန်အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)