ပုလော ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၂) နှစ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာမများနှင့်ဝန်ထမ်းများက ထိုးနှံပေးကြရာပညာရေးဌာန ဆရာ/မများက ပူးပေါင်း ကူညီပေးကြကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်တာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ အကြိမ်ပြည့်ထိုးနှံပြီး ငါးလပြည့်ပြီးသည့် ကျောင်းသား/သူ (၄၅၃) ဦးကို ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)