မင်းပြားမြို့၌ လူစွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

မင်းပြား ဇန်နဝါရီ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းပြီး လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ရှိ အဆိုပါ သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လူငယ်သင်တန်းကျောင်းအုပ်ကြီး ဦးကျော်ကျော်စိုးက လူငယ်သင်တန်းကျောင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက လူငယ်နှင့်စာပေသိကောင်းစရာ များအား အသိပညာပေးပြောကြားပြီး သဘာဝပတ်ဝန်းကျင်ထန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်အေးက သစ်ပင်နှင့်လူသားအကြောင်းအရာများအား အသိပညာပေးပြောကြားသည်။

ဆက်လက်၍ အဆိုပါသင်တန်းကျောင်း၌ အမှိုက်ကောက် Campain ကိုပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးကျော်ကျော်စိုးနှင့် ဒုကျောင်းအုပ်၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းနုအောင်