ထီးချိုင့်မြို့နယ် (Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်း ပြုလုပ်

ထီးချိုင့် ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်လဲ့လဲ့ခိုင်က စာဖတ်ဝိုင်းများ ကျင်းပရခြင်းရည်ရွယ်ချက်၊ ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း(၂)မှ ဝင်စာများကို အရေးယူဆောင် ရွက်ခြင်း၊ စာဖွင့်ဖောက်ခြင်း၊ ရုံးတံဆိပ်ရိုက်နှိပ်ခြင်း အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ရာ ဒုဦးစီးမှူးဒေါ်ခင်အုန်းမြင့်မှလည်း ဝင်စာများကိုမှတ်ပုံတင်ခြင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်မေးမြန်းခဲ့ကြပါသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လစဉ်တစ်လတစ်ကြိမ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

ရဲလင်းထွန်း(ထီးချိုင့်)