အသက် ၁၂ နှစ်အောက် ​ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharn ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင်  ယမန်နေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်ကျန်းမာရေးဌာနက အသက် ၁၂ နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Myancopharm ကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးနောက် ၅ လပြည့်သည့် အသက် ၁၂ နှစ်အောက် ကျောင်းသားကလေးငယ်များကို ​​ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ၆၅၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ကျန်းမာရေးဌာနက ကာကွယ်ဆေး Myancopharm ထိုးနှံခြင်းလုပ်ငန်းများကို ၁၇-၁-၂၀၂၃ ရက်နေ့တွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းနှင့် ၁၈-၁-၂၀၂၃ ရက်နေ့တွင် အမှတ်(၂၇)အခြေခံပညာမူလတန်းကျောင်းများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်ဆက်)