လိပ်သိုမြို့လမ်းဦးစီးဌာနမှ  မြို့တွင်းဖြတ်ပြည်ထောင်စုလမ်းပေါ်ရှိ   Box Culvert များတည်ဆောက်ကတ္တရာခင်းခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်၍ အသုံးပြုမှုပိုမိုအဆင့်ပြေချောမွေ့

လိပ်သို   ဇန်နဝါရီ  ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့လမ်းဦးစီးဌာနသည် တောင်ငူ- လိပ်သို-လွိုင်ကော်-ဟိုပုန်း NH (21) ပြည်ထောင်စုလမ်းအား သဘာ၀ဘေးဒဏ်ကြောင့်လမ်းပျက်စီးမှုနည်းပါးစေရန်၊ ရေရှည်တည်တံ့အသုံးပြုနိုင်ရန်လမ်းကြံ့ခိုင်ရေးလုပ်ငန်းများကိုအစဉ်တစိုက်ပြုပြင်ထိန်း သိမ်းလျက်ရှိကြောင်းသိရသည်။

အဆိုပါပြည်ထောင်စုလမ်း ကရင်ပြည်နယ်၊ လိပ်သိုအပိုင်းရှိလမ်းပိုင်းများတွင်သံဘေလီတံတားများအစား သံကူကွန်ကရစ်တံတားသစ်များတည် ဆောက်ခင်းကျင်းပေးခြင်း၊ ယခင်လမ်းဖြတ်ကူးရေလွှဲမြောင်းပြွန်ငယ်များ၏နေရာများတွင် တံတားငယ်လေးများ(Box Culvert)များဖြင့်အစားထိုးတည်ဆောက်ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ   လိပ်သိုမြို့ အမှတ်(၁)ရပ်ကွက်အတွင်းဖြတ်သန်းသွားသောလမ်းပိုင်းရှိ မိုင်တိုင်အမှတ် ၃၁/၄ မှ ၃၁/၆ အကြားရှိ (Box Culvert) (၂)ခု တည်ဆောက်ပေးခြင်း ကတ္တရာခင်းခြင်းလုပ်ငန်းများမှာပြီးစီးသွားပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များသွားလာအသုံးပြုလျက်ရှိရာ ယခင်ကထက်ပိုမိုအဆင်ပြေချောမွေ့လျက်ရှိပြီး မိုးတွင်းကာလမိုးရေတိုက်စားရေမြောင်းပိတ်ဆို့မှုများမှ ကင်းဝေးသွားပြီဖြစ်ကြောင်းသိရှိရသည်။

ခင်လေးနွယ် (လိပ်သို)

လိပ်သိုမြို့  ကရင်ပြည်နယ်