ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပန်းတောင်း   ဇန်နဝါရီ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မြို့နယ်အတွင်းရှိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တပ်နယ်မှူးဗိုလ်မှူးချုပ်မျိုးတင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ သရက်လိန်ကျေးရွာအုပ်စုရှိ နေကြာစိုက်ခင်းအားလည်းကောင်း၊ သူရဲတန်းကျေးရွာအုပ်စုရှိနွေစပါးမျိုးစေ့ချ စိုက်ခင်းများနှင့် မြစ်ရေတင်လုပ်ငန်းအားလည်းကောင်း၊ ရွာသာယာကျေးရွာအုပ်စုရှိ ဖိုးဦးတောင်ဘုရား ဓာတ်လှေကားပြုလုပ်မည့် စီမံကိန်းအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးကာလိုအပ်သည်များကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ မှာကြားခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)