သတင်းများ

လှိုင်းဘွဲမြို့နယ်ထီလုံကျေးရွာ စစ်မှုထမ်းဟောင်း သမဝါယမအသင်းသားများ စုပေါင်းမွေးမြူထားသည့် ဝက်မွေးမြူရေးခြံအား ပြည်နယ်မွေးမြူရေးအသင်းစုဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
Jan 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ စစ်မှုထမ်း‌ဟောင်းအိမ်ယာဝင်း၌ နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ ရယူထားရှိသည့် ရွာသာအေး မွေးမြူကုန်ထုတ်သမဝါယမအသင်း လီမိတက်မှ စစ်မှုထမ်းဟောင်း သမဝါယမအသင်းသားများ စုပေါင်းမွေးမြူထားသည့် ဝက်မွေးမြူရေးခြံသို့ ပြည်နယ်မွေးမြူရေးအသင်းစုဥက္ကဋ္ဌ ဦးလှဝင်းနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်တို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုညှိနှိုင်းအားပေးခဲ့ကြကြောင်း သိရသည်။
ရန်ကင်းမြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူသည့် အိမ်ထောင်စု(၄၆၃၄၂)စု အား အတည်ပြုနိုင်လျက်ရှိ
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးရန်အတွက် ရပ်ကွက်/ကျေးရွာများတွင် တစ်အိမ်တက်ဆင်း  စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယခုလ ၉ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာများအတွင်းဆောင်ရွက်ခဲ့ရာ ယမန်နေ့အထိ ကောက်ယူခဲ့သောစာရင်းများအရ အိမ်ထောင်စု(၄၆၃၄၂)စုကို အတည်ပြုထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး
Jan 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တက်ရောက်ပညာသင်ကြားနေသော အသက်(၅)နှစ်မှ(၁၂)ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်အောင်မြင်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာစုရပ်အလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရွှေကျင်မြို့တွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်
Jan 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနေကြသည့် လုပ်ငန်းခွင်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းစစ်ဆေး
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍တိုက်ဆိုင်စစ်ဆေးရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုပ်ငန်းခွင်သို့ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲဝင်များကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ပြည်သူများစာပေဗဟုသုတများ ကြွယ်ဝလာပြီး စာဖတ်သည့်အလေ့အကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေး
Jan 17,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်) ၌ ထိုးနှံပေးကြောင်း သိရသည်။
မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Jan 17,2023
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှု့သူအချင်းချင်းတွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းမူမြို့နယ်ရုံး၊ ပြည်သူ့စာကြည်တိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။