လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) ဖွင့်ပွဲ ကျင်းပ
Jan 17,2023
ကချင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူး၍ တောင်သူများဘဝ လူမှုစီးပွားဘဝ မြင့်တင် စေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ဒေသခံတောင်သူများ အနေဖြင့် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန် အလွန်အရေးအရေးကြီးပြီး တောင်သူများ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း(ဆွယ်)တွင် ကျင်းပပြုလုပ်သည်။