မြင်းမူ ဇန်နဝါရီလ ၁၇
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှု့သူအချင်းချင်းတွေ့ဆုံကာ စာပေအသိခြင်းဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြင်းမူမြို့နယ်ရုံး၊ ပြည်သူ့စာကြည်တိုက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေလင်းအောင်က မိမိတို့မြို့နယ်ရုံးအနေဖြင့် အပါတ်စဉ်လစဉ် စာပေဝါသနာရှင်များ စုပေါင်းကာ စာဖတ်ဝိုင်းနှင့်စာအုပ်ပြပွဲများ၊ အသိပညာပေးဆွေးနွေးပွဲ (TalkShow) များ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်သူများက စာရေးဆရာဒေါက်တာ ခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်နိုင်ခြင်း စာအုပ်အခန်း (၇) မှ လူငယ်နှင့်စူးစမ်းစိတ်ခေါင်းစဉ်အား ဖတ်ကြားကြပြီး စာပိုဒ်ပါအချက်များအပေါ် အမြင်ခြင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် စာကြည့်တိုက်တွင် ယခုလအတွင်း အသစ်ရောက်ရှိသည့် သုတ/ရသ စာအုပ်/စာစောင် (၈၀) ကျော်အား ခင်းကျင်းပြသထားရာ စာပေအမြည်းအဖြစ် ဖတ်ရှု့လေ့လာ
ခဲ့ကြသည်။ မြင်းမူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေးလုပ်ငန်းများ အဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများ၊ အသိပညာပေး (Talk Show) များကို အပါတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
အောင်စိုးဖေ (မြင်းမူ)