မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြောင်းမြ ဇန်နဝါရီ ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြောင်းမြခရိုင်ရုံး Community Centre ခန်းမတွင် ပြည်သူများစာပေဗဟုသုတများ ကြွယ်ဝလာပြီး စာဖတ်သည့်အလေ့အကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာကြည့်တိုက်ကိုအသုံးပြု၍ စာအုပ်စာစောင်များ ဖတ်ရှု လေ့လာရန်၊ စာဖတ်ခြင်းဖြင့် မိမိအတွက်အကျိုးရှိမည့် ဗဟုသုတများရရှိမှာဖြစ်ကြောင်း၊ လူငယ်များအား စာပေနှင့်နီးစပ်အောင် ပြုစုပျိုးထောင်ပေးရန်၊ မိမိကိုယ်တိုင်သာမက မိမိ ပတ်ဝန်းကျင်နှင့် ထိစပ်နေသူများကိုပါ စာအုပ်စာပေချစ်မြတ်နိုးတတ်ပြီး စာဖတ်ဝါသနာ ပါလာစေရန် ဆွဲဆောင်သွားရန်စသည့် အကြောင်းအရာများအား ဟောပြောခဲ့သည်။

မြောင်းမြခရိုင် (ပြန်/ဆက်)