သတင်းများ

ကျောက်ဖြူမြို့နယ်တွင် ကျား၊မရေးရာကဏ္ဍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အ‌ရေး များဆိုင်ရာ အသိပညာပေး အခမ်းအနားပြုလုပ်
Jun 04,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကျား၊မ ရေးရာကဏ္ဍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် အ ခွင့်အရေးများဆိုင်ရာ အသိပညာပေး အခမ်းအနားပြုလုပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်တန်းဖွင့်လှစ်
Jun 04,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူပေါင်း (၁၁၁၃၂) ဦးရှိပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Jun 04,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အခြေခံပညာသင်ကျောင်းများ၌ ယနေ့ ဇွန် ၄ ရက်နေ့တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ချောင်းဆုံမြို့နယ်၌ (အ.ထ.က) ကျောင်း (၉) ကျောင်း၊ အ.ထ.က-ခွဲ ကျောင်း(၅) ကျောင်း၊ အ.လ.က ကျောင်း(၂)ကျောင်း၊ အ.လ.က ခွဲ ကျောင်း(၅)ကျောင်း၊ မူလွန်ကျောင်း(၁၂) ကျောင်းနှင့် အ.မ.က ကျောင်း (၇၈)ကျောင်း စုစုပေါင်း (၁၁၁)ကျောင်းဖွင့်လှစ်ပညာ သင်ကြား လျက်ရှိသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
Jun 04,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(​တောင်ပိုင်း)မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက် ရှိသည်။
ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊အရာခံနှင့်အကြပ်စစ်သည်များ၊မိသားစုဝင်များအား ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်
Jun 04,2021
ပမ္မဝတီရေတပ်စခန်းဌာနချုပ်နှင့် လက်အောက်ခံ တပ်/စခန်း/ရေယာဉ်များမှ အရာရှိ၊ အရာခံနှင့် အကြပ်စစ်သည်များ၊ မိသားစုဝင်များအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို မေလက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီက ပမ္မဝတီရေတပ်စခန်း ဌာနချုပ် အစည်းအဝေးခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာပါမောက္ခဒေါက်တာ အောင်ထွန်းသက် ရေးသားသည့် "အနာဂတ်၏ခေါင်းဆောင်မှုပညာ" စာဖတ်ဝိုင်းကျင်းပ
Jun 04,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ ၊ နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့် အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ပေးလျက်ရှိ
Jun 04,2021
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသား များ၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁-ခုနှစ် မေလ (၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ(၃)ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးမှ သိရသည်။