မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း၍တိုက်ဆိုင်စစ်ဆေးရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြသည့် လုပ်ငန်းခွင်သို့ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲဝင်များကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၀)ရှိပြီး မြေပြင်စာရင်းကောက်ယူမည့် ကောက်ကွက်(၉၂)ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး၊ အမျိုး သမီးရေးရာအသင်းဝင်များနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များဖြင့် ရပ်ကွက်များအလိုက် သတ်မှတ်ပုံစံများဖြင့် မြေပြင်ရှိလူဦးရေစာရင်းများကို အဖွဲ့(၉၂)ခုဖြင့် လိုက်လံကောက်ယူလျက်ရှိရာ ၎င်းအနက်ရေတွင်းကုန်းရပ်ကွက်သည်လည်း မြေပြင်စာရင်းကောက်ကွက် ၈ ကွက်ဖြင့် ပါဝင်ဆောင်ရွက်နေသော ရပ်ကွက်တစ်ခုဖြစ်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းကောက်ယူမည့် အိမ်ထောင်စုမှာ ၄၁၉၃၅ ရှိပြီး ယခုလ ၁၆ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ အိမ်ထောင်စု ၂၈၂၃၈ ကို တည်ပြုနိုင်ခဲ့ပြီး ကျန်ရှိနေသည့်အိမ်ထောင်စု ၁၃၆၉၇ စုကို ဆက်လက်ကောက်ခံလျက်ရှိသကဲ့သို့ ရေတွင်းကုန်းရပ်ကွက်တွင်လည်း မြေပြင်လူဦးရေစာရင်းကောက်ယူမည့် အိမ်ထောင်စုမှာ ၃၅၆၂ ရှိပြီး ယခုလ ၁၆ ရက်နေ့အထိ ကောက်ခံရရှိသောစာရင်းများအရ အိမ်ထောင်စု ၂၅၅၈ ကို အတည်ပြုနိုင်ကြောင်းနှင့် ကျန်ရှိနေသည့်အိမ်ထောင်စု ၁၀၀၄ စုကို ဆက်လက်ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူနေကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)