သတင်းများ

နွားထိုးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ
Jan 17,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက ပြင်စည်(အထက)၊ ရွှေပြည့်ရင်(အမက)၊ လေးရွာဆုံ(အမက)၊ ပြရာချောင်း(အမက)၊ သင်းတပေါ့ (အမက)၊မင်းတဲ(အမက)၊သဲတော(အမက)၊မိုးတိမ်ပြင်(အမက)၊ဥသျှစ်ကျင်း(အမက)၊နဘဲသာ(အမက) ၊ဆား တောင်-တ(အထကခွဲ)၊ဆားတောင်-မ (အမက)၊ရွာသာအေး(အထကခွဲ)၊မာန်လည်(အထ ကခွဲ)၊ကြာပင်အိုင် (အထက)ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံ ပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်ရှိ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပျိုးများ စတင်စိုက်ပျိုး
Jan 17,2023
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကြက်သွန်နီစိုက်ပျိုးတောင်သူများ ကြက်သွန်နီစိုက်ပျိုးရန် စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။
ကျောက်တော်မြို့၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်
Jan 17,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌  မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့များက ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် အဆိုပါမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက် ၊ မြို့သစ်ရပ်ကွက်သို့ သွားရောက်၍ ယမန်နေ့  နေ့လည် ၂ နာရီအချိန်က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း  ကန်စွန်းစိုက်တောင်သူများ စျေးကောင်းရ၍ အမြတ်ငွေပိုမိုရရှိ                              
Jan 17,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း ကန်စွန်းစိုက်တောင်သူများ စျေးကောင်းရ၍ အမြတ်ငွေပိုမို ရရှိကြောင်း အင်းကုန်းကျေးရွာရှိ ဦးဘိုဌေးထံက သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက်ရှိကလေးစာဖတ်ခန်းတွင်  စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်း အစီအစဉ်များ ကျင်းပဆောင်ရွက်
Jan 17,2023
ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား/သူ ကလေးငယ်များ စာပေနှင့် ထိတွေ့၍ စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်တို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်၁၀နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊‌စကားပုံဆက်ပြိုင်ပွဲနှင့် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်များကို ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community Centre) ခန်းမတွင် ဒီရေတောများ၏ အရေးပါပုံအကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jan 17,2023
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဒီရေတောများ၏ အရေးပါပုံအကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး Talk Show ကျင်းပသည်။
လားရှိုးတက္ကသိုလ် ၂၀၂၂-၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးတက္ကသိုလ် ဘောလုံးကွင်းတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က ၂၀၂၂-၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူမှု ဆက်လက်ဆောင်ရွက်
Jan 17,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်း အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းကစ၍ (Working Group) မြေပြင် ကွင်းဆင်း ကောက်ယူရေးများဖွဲ့စည်းကာ ကွင်းဆင်းကောက်ယူလျက်ရှိသည်။