တပ်ကုန်းမြို့၌ ဝက်ပေါက်ဈေးကောင်းသဖြင့် ဝက်မွေးမြူသူများအဆင်ပြေ
Jan 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်နေများ လယ်/ယာသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် ဆိတ်၊ ကြက်၊ ဘဲ၊ ဝက်များ မွေးမြူလျက်ရှိရာ ယခုနှစ် ဆောင်းရာသီတွင် ဝက်ပေါက်ဈေးကောင်း၍ ဝက်သားပေါက်မမွေးမြူသူများ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေကြောင်း သိရသည်။