လပွတ္တာ ဇန်နဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကား ပြောကြားရာတွင် ဝန်ကြီးချုပ်ခရီးစဉ်တွင် ဌာနဆိုင်ရာများမှ မိမိတို့၏ လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရေး၊ ပန်းတိုင်အထွက်တိုး ဆောင်ရွက်ရေး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများဖြေဆိုရာတွင် အခက်အခဲမရှိအောင် ပူးပေါင်းဆောင်ရွက်ရေး၊ မြေပြင်သန်းကောင်စာရင်းကောက်ယူမှုအား စနစ်တကျဆောင်ရွက်ရေး၊ Clean City၊ Green City ဆောင်ရွက်ရေး၊ ဒီရေတောစိုက်ခင်းများ စနစ်တကျစီစဉ်ဆောင်ရွက်ထားရေး၊ စိုက်ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်မှုအခြေအနေများ၊ ကျေးရွာမီးလင်းရေး၊ ကျူးကျော်များရှင်းလင်းရေး စသည့်တို့ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လုပ်ငန်းအသီးသီးရှင်းလင်းတင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လိုအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်