ပြင်ဦးလွင်မြို့နယ် ပညာရေးမှူးရုံး၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ

ပြင်ဦးလွင် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ ပညာရေး စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး ပြင်ဦးလွင်ခရိုင် ပညာရေးမှူး ဒေါက်တာဒေါ်ရွှေစင်အိက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးသောင်းမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြင်ဦးလွင်မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းက ပညာစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာပေဆိုင်ရာ၊ ဂီတနှင့် အနုပညာဆိုင်ရာ၊ အားကစားဆိုင်ရာများတွင် ထူးချွန်ဆုများ ရရှိခဲ့သည့် ကျောင်းသား၊ ကျောင်သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူ များက အကပဒေသာများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် ( ပြန်/ဆက်)