ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အ.ထ.က(၂)ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ် စာစောင်ပြပွဲဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်သူများအလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍  ယနေ့နံနက်(၁၀)နာရီက အမှတ်()အခြေခံပညာအထက်တန်းကျောင်းနယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့စာအုပ်များကွင်းဆင်းငှားရမ်းပေးရာတွင် သုတစာအုပ်/ရသစာအုပ်များကို ငှားရမ်းပေးခဲ့ပြီး ခင်းကျင်းပြသထားသောနံရံကပ်စာစောင်များအား ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)