ကျောက်ပန်းတောင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများမြေပြင်ကွင်းဆင်းကောက်ယူလျှက်ရှိရာ  အိမ်ထောင်စု (၂၄၀၄၃)စုနှင့်  လူဦးရေ(၈၈၈၀၄) ကောက်ခံပြီးစီး

ကျောက်ပန်းတောင်း  ဇန်နဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်  အိမ်ထောင်စုလူဦးရေစာရင်းများမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ရှိအိမ်ထောင်စုလူဦးရေစာရင်းများနှင့် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး/ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ(၉)ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ အိမ်ထောင်(၂၄၀၄၃)စုနှင့်လူဦးရေ(၈၈၈၀၄) ကောက်ယူပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် e-ID Severအတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းများအား မြို့နယ်အလိုက် Print ထုတ်ယူပြီး မြေပြင်ရှိအိမ်ထောင်စုပုံစံ (၆၆/၆)ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်ဇန်နဝါရီ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိသတ်မှတ်ထားရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရင်းကောက်အဖွဲ့များမှ ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်  ကွင်းဆင်းစာရင်းကောက်အဖွဲ့ပေါင်း (၁၃၉) ဖွဲ့ဖြင့် အိမ်တိုင်ရာရောက်စာရင်းကောက်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့်  ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရပြီး၊ ဇန်နဝါရီလ(၁၆)ရက်နေ့အထိ အိမ်ထောင်စု(၂၄၀၄၃)စု၊  လူဦးရေ(၈၈၈၀၄၃) ကောက်ယူပြီးစီးပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ စာရင်းကောက်ယူရာတွင် e-ID အိမ်ထောင်စုစာရင်းများပြည့်စုံမှန်ကန်စေရေးနှင့် e-ID နိုင်(၄)မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေးတို့အတွက် တိုက်ဆိုင်/ စစ်ဆေး/စာရင်းကောက်ယူခြင်းဖြစ်ကြောင်းသိရပြီး၊ ကျောက်ပန်းတောင်း မြို့နယ်အတွင်း  စုစုပေါင်းစာရင်းကောက်ယူရန် အိမ်ထောင်စုပေါင်း (၆၉၅၀၉)ရှိ၍ လူဦးရေ (၃၀၂၁၉၃)ရှိကြောင်းသိရသည်။

အဆိုပါကွင်းဆင်းအဖွဲ့များတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ  နှင့်ဝန်ထမ်များပူးပေါင်းပါဝင်ဆောင်ရွက်လျှက်ရှိပြီးရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ကျစာရေးဝန်ထမ်များ စာရင်းကောက်လုပ်အားပေးလူငယ်များဖြင့်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူနေခြင်းဖြစ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်  နှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြိုနယ်ဦးစီးမှူးဦးစိုးပိုင်နှင့် တိုက်နယ်တာဝန်ခံဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအလိုက် လှည့်လည်ကြည့်ရှုစစ်ဆေး၍လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

နေအောင်ပြန်/ဆက်