ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (BookClub)အဖွဲ့တို့ပူးပေါင်း၍ (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန်ရည်ရွယ်၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် လူငယ်ဆိုတာလန်းရမယ်စာအုပ်ဖြင့် ယနေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့၀င်ဦးအောင်ဇင်မျိုးနှင့်အဖွဲ့ဝင်များက စာအုပ်ပါခေါင်းစဉ်များမှ တန်ဖိုးရှိသောလူငယ်များ၊ ရိုးရှင်းသောဘ၀၊ ပျော်ရွှင်မှုဟာသင့်လက်ထဲမှာ၊ ဗဟုသုတကတန်ဖိုး၊ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းစသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များ အချင်းချင်းအမြင်ခြင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)