ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပေါင် ဇန်နဝါရီ ၁၇

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကျော်မျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာသက်နိုင်က ယခုလိုငွေများထုတ်ပေးသည့်တွက် ကျေးရွာများကဏ္ဍစုံဖွံဖြိုးတိုးတက်လာကြဖို့မျော်လင့်ပါကြောင်းပြောကြားသည်။

ထို့နောက် သမဝါယမဦးစီးအရာရှိ ဒေါ်‌သိန်းသိန်းအေးက နိုင်ငံတော်ကထောက်ပံ့ပေးအပ်သော ငွေများသည် ဝက်တစ်ကောင်လျှင်ကျပ်ငွေတစ်သိန်းနှုန်းဖြင့် ဝက်အမြောက်အများ မွေးမြူနိုင်ပါကြောင်း တောင်သူများအနေဖြင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်လာတော့မည်ဖြစ်ကြောင်း ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာလှိုင်က နိုင်ငံ​တော်မှ တောင်သူများသို့ နိုင်ငံ့စီးပွားမြှင့်တင်​ရေးရန်ပုံ​ငွေမှ အရင်းမ​ပျောက်မတည်​ငွေထုတ်​ချေး​ပေးခြင်းဖြင့်​တောင်သူမျးအ​နေဖြင့်အနေဖြင့် စီးပွားတိုးတက်မှုများကိုဖြစ်ထွန်းလာမည်ဖြစ်ကြောင်း စသည့် အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ကျေးရွာ (၁၆) ရွာရှိကော်မတီဝင်များအား ရန်ပုံငွေကျပ် (၆၆၉.၃၂) သန်း  အားလွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်စီမံကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ( ပြန်/ ဆက် )