ဇေယျာသီရိ ဇန်နဝါရီ ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဇေယျာသီရိမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် စာရင်းကောက်ယူရေးအဖွဲ့များက စိမ်းစားပင်ကျေးရွာအတွင်းရှိ အိမ်ထောင်စုများမှ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက်များမှန်ကန်စေရေး၊ မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊ လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား တစ်အိမ်တက်ဆင်း မြေပြင်ကွင်း ဆင်းစာရင်းကောက်ယူခဲ့ကြသည်။
ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့နောက်ဆုံးထား၍ စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)