သတင်းများ

ဧရာဝတီတိုင်းဒေသကြီး စားရေရိက္ခာဖူလုံရေးအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
Jan 18,2023
စားရေရိက္ခာဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားဒေသခံကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/ လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 18,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ပြည်နယ်အတွင်း လူမှောင်ခိုမှုနှင့်လူကုန်ကူးခံရမှုများ မဖြစ်ပွားစေရေး၊ ကလေးသူငယ်များနှင့်ပတ်သက်၍ အနိုင်အထက်ပြုမူမှုများ မဖြစ်ပွားစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမတွင် လူကုန်ကူးမှု/လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Jan 18,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွှဲ ၁ နာရီခွဲက အင်းပြင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) အခမ်းအနားကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး အမှတ်စဉ်(၁/၂၀၂၃) အခမ်းအနားအား ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်၌ လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ လူဦးရေစာရင်းများအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
(၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ
Jan 17,2023
၂၀၂၃ခုနှစ်၊ (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်(၁၁)နာရီက တောင်ကြီးမြို့၊  ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
စမ်းချောင်းမြို့နယ်တွင် Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ  မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်နှင့်လင်းလွန်း‌(မြောက်)ရပ်ကွက်တို့တွင် ဗဟိုလမ်းရှိရှမ်းလမ်းဓမ္မာရုံ၌ မြို့နယ်ကွပ်ကဲရေးရုံးဖွင့်လှစ်ပြီး လင်းလွန်း(မြောက်)ရပ်ကွက်နှင့် သံတံတားရပ်ကွက်များသို့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း‌ကောက်ယူခြင်း ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံပေး
Jan 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ​ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Myancopharm) အပိုဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီကစ၍ အမှတ်(၂) အခြေခံပညာ အထက်တန်း​ကျောင်း၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။