ကျောက်ဆည်၊ ဇန်နဝါရီ-၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီးယမန်နေ့မွန်းလွဲ(၂)နာရီက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမြင့်က မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများဖြစ်သည့် စိတ်ဓာတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါဖြစ်ခြင်း၊ မှတ်ဉာဏ် ချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ်လျော့နည်းလာခြင်း၊ လိင်စိတ်အားနည်းခြင်း၊ ပြင်းထန်စွာစိုးရိမ် ကြောင့်ကျမှု ဖြစ်ခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများဖြစ်သည့် AIDS ခေါ်ခုခံအားကျဆင်းမှုရောဂါဖြစ်ခြင်း၊ ဆေးလွန်သဖြင့်မိန်းမောစွာအိပ်မပျော်ခြင်း၊ သတိမေ့မြောသွားခြင်း၊အခန့်မသင့်လျှင်အသက်ဆုံးရှုံးခြင်း၊ ထုံနာ၊ ကျင်နာ၊ အ ကြောသေရောဂါဖြစ်ခြင်း၊ ဝက်ရူးပြန်တတ်ခြင်း၊ နှလုံးရောဂါ၊ အဆုပ်ရောဂါ၊ အသည်းရောဂါ၊ သွေးကြောပိတ် ရောဂါဖြစ်ခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား အနာစိမ်းများပေါက်၍ သွေးဆိပ်တက်ခြင်းများ အကြောင်းအသိပညာ ပေးဟောပြောခဲ့သည်။