တာမိုးညဲမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jan 18,2023
ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို တာမိုးညဲမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးတို့မှ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မူဆယ်ခရိုင်၊ တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။