သတင်းများ

မျောက်ငိုသီးများ စျေးကောင်းပေး၍ ကြိုတင်ဝယ်ယူမှုများရှိနေ
Jan 18,2023
ရာသီစာတစ်မျိုးဖြစ်ပြီး ဒေသခံများ အထူးကြိုက်နှက်သက်ကြသည့် မျောက်ငိုသီးများ  ဆွတ်ခူးရောင်းချရန် နီးကပ်လာသည်နှင့်အမျှ ဈေးကောင်းပေး၍ အပင်ပြတ်ကြိုတင်ဝယ်ယူမှုများရှိနေကြောင်း သိရသည်။
ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ အခြေခံပညာမူလတန်း (လွန်) နတ်အိမ်တောင်ကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 18,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ အခြေခံပညာ မူလတန်း (လွန်) နတ်အိမ်တောင်ကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံ​ပေးနေမှုများအား ကြည့်ရှုစစ်ဆေး
Jan 18,2023
 ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ အမှတ်(၅)နှင့် အမှတ် (၆)အ​ခြေခံပညာမူလတန်း​ကျောင်းများတွင် အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများမှ (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) အား ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းအ​ခြေပြုထိုးနှံပေးလျက်ရှိသည်။
ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျောင်းသားကျောင်းသူ ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်
Jan 18,2023
ဘားအံတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ် အားကစားပြိုင်ပွဲဖွင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပရာ ဘာသာရပ် ၁၄ ခုမှ ကျောင်းသား၊ ကျောင်းသူ ပြေးခုန်ပစ်အားကစားသမား ၂၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရဟန်းရှင်၊ လူ၊ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၆၃၅)ဦး ကိုဗစ်−၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပညာသင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၆၃၅)ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Myan copharm ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတို့တွင်စုရပ်(၂)ရပ်ပြုလုပ်၍ ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ဂဟေဆက်သင်တန်း ဖွင့်လှစ်
Jan 18,2023
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ) တွင် ဂဟေဆက်သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လှာကမြင် ကွက်သစ်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံပေး
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Myancopharm)အပိုဆောင်း ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉:၀၀)နာရီကစ၍ အမှတ်(၁၂) အခြေခံပညာအထက်တန်း​ကျောင်း၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။