အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များလက်ဝယ်အရောက် ငှားရမ်းပေး
Jan 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့စာအုပ်၊ စာစောင်များလာရောက်မငှားရမ်းနိုင်သော စာဖတ်ပရိတ်သတ်များထံ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက ဘဝသစ်ကျေးရွာအုပ်စု၊ လေးပင်ချောင်ကျေးရွာရှိ စာငှားသူများထံသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။