စလင်းမြို့ ကူတိုကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

စလင်း ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကူတိုကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှိ စာသင်ဆောင်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးဆန်းလင်းမောင်က စားသုံးသူ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ် များအား စားသုံးသူကာကွယ်ရေးဦးစီးဌာန ပေါ်ပေါက်လာရခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေများ ပေါ်ပေါက်လာရခြင်းအကြောင်း များကို ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိကြစေရန်အတွက် ကျေးရွာများအရောက် ကွင်းဆင်းဆွေးနွေး ဟောပြောရခြင်းဖြစ်ကြောင်း မိတ်ဆက် ၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မိမိတို့ စားသုံးသူရေးရာဦးစီးဌာန စတင်ပေါ်ပေါက်လာရသည့် အကြောင်းအရင်းဖြစ်သည့် အမေရိကန်နိုင်ငံမှ စတင်ဖြစ်ပေါ်ခဲ့ သည့် (၁၉၆၂) ခုနှစ် မတ်လ ၁၅ ရက်နေ့မှ စတင်ခဲ့သည့် အမေရိကန်နိုင်ငံမှာရှိတဲ့ စားသုံးသူ ပြည်သူများ အခွင့်အရေးများကို အပြည့်အဝရရှိရေးအတွက် အမေရိကန်လွှတ်တော်ကို အမေရိကန်သမ္မတကြီး ဂျွန်အက်ဖ်ကနေဒီကိုယ်တိုင်တင်သွင်းခဲ့တာဖြစ်ပြီး အဲဒါကိုအစွဲပြု၍ မတ်လ ၁၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံ အသီးသီးမှ စားသုံးသူအခွင့်အရေးနေ့ စတင်ပေါ်ပေါက်လာကြောင်းနှင့် မြန်မာနိုင်ငံတွင်လည်း စားသုံးသူအခွင့်အရေးနေ့အဖြစ် စားသုံးသူတွေကို အပြည့်အဝကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူအခွင့်အရေးနေ့အဖြစ် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဖွဲ့စည်းခဲ့၍ ယနေ့အချိန်အထိ ၇ နှစ်တာ ကာလမျှ ရှိပြီဖြစ်သည့်အတွက် စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိသဘောပေါက် နားလည်လာစေရန်အတွက် ယခုလိုကျေးရွာများရှိ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်ခွဲများအထိ လာရောက်ဆွေးနွေး ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စားသုံးသူပြည်သူများ၏ တာဝန်ဝတ်တရားများဖြစ်သည့် စားသုံးသူရေးရာ အခွင့်အရေးနှင့်စားသုံးသူများ၏ အကျိုးစီးပွား ကာကွယ်ရေးနှင့် ကုန်ပစ္စည်းများကို လုံခြုံ စိတ်ချစွာရှိစေရေး၊ ကုန်ပစ္စည်းများ၏ အရည်အသွေးလုပ်ငန်းများ ဆောင်ရွက်ချက် များဖြစ်သည့် ကုန်စည်တံဆိပ်အမှတ်အသား၊ ကုန်ပစ္စည်း၏ အမျိုးအမည် အရွယ်အစား အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဥ်၊ တင်သွင်းသူ၏ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ(သို့)ပြည်ပမှ ကုန်ကြမ်းများတင်သွင်းပြီး ပြန်လည် ထုတ်ပိုးသည့် နေရာပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ ဖော်ပြရန်သတ်မှတ်ထားသော အချက် အလက်များနှင့် ဥပဒေပုဒ်မများကို အကျယ်တဝံရှင်းလင်း ပြောကြားခဲ့ပြီး အစားအသောက် ဝန်ဆောင်မှုများအကြောင်း၊ ခရီးသွားဝန်ဆောင်မှုများနှင့်ကျန်းမာရေးဝန်ဆောင်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကာ နိဂုံးချုပ်အနေဖြင့် နေ့စဥ်အစားအသောက်များဖြသ်သည့် ဓာတု ဆိုးဆေးများ အများအပြားအလွန်အကျွံထည့်၍ ရောင်းချနေကြသည့် အစားအသောက်များမှ ဂွေးသီးပေါင်း၊ သရက်ပေါင်း၊ ရေခဲချောင်းနှင့် ထုတ်ထိုးအသားတုကင်များမှာ လိုအပ်သည်ထက် ပိုမိုအသုံးပြုနေကြသည့်အတွက် စားသုံးရန်မသင့်ကြောင်းနှင့် အစားအသောက် ကုန်ပစ္စည်းများ မှိုတက်လျင် မစားသုံးသင့်ကြောင်းများကို ပြည့်စုံစွားရှင်းလင်းပြောကြား ဆွေးနွေးခဲ့သည်။ ထို့နောက် ကူတိုကျေးရွာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးများမှ သိရှိမေးမြန်းမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်မှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်းဖြင့် ဆွေးနွေးပွဲအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀) ဦး ခန့်တက်ရောက်ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်၊စလင်းမြို့