ကာမိုင်း ဇန်နဝါရီ ၁၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှအသက် (၂) နှစ်အောက် ကလေးငယ်များနှင့်ကိုယ်၀န်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီအထိ ကာမိုင်းမြို့တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆေးထိုနှံရာတွင် ကျန်းမာရေး၀န်ထမ်းများက မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိမွေးကင်စမှ အသက် (၂) နှစ်အောက်ဘကလေးငယ်များအား ဘီစီဂျီ၊ လပိုလီယိုကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ၀က်သက်၊ ဂျိုက်သိုးတိုက်ကျွေးခြင်းနှင့် လကိုယ်၀န်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပြီး မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်နှင့် မိခင်နှင့်ကလေးစောက်ရှောက်ရေး အသင်းတို့ကပံ့ပို့ပါ၀င် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဆိုင်း (ပြန်/ဆက်)