သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည်ရှုအားပေး    
Jan 18,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့၊ ဆရာ/မများနှင့် ကျောင်းသား/ သူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းအဆောက်အဦရှေ့တွင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဘိမ်းမြို့ အ.လ.က(ခွဲ)နမ့်ပုံးပုံး၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 18,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ နမ့်ပုံးပုံး၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်ရှိ အခြခံပညာကျောင်းများတွင် အသက် ၅ နှစ်မှ အသက် ၁၂နှစ်အထိ ကျောင်းသား/ သူ(၃၁၄)ဦးအား Sinopharm Booster အား ဆက်လက် ထိုးနှံပေးလျက်ရှိ
Jan 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား/ သူများအား Sinopharm Booster ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈:၀၀ နာရီက ရန်ကင်းမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း(အလယ်တန်းကျောင်းခွဲ)တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့ အင်းကုန်းကျေးရွာ၌ တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲ ပြုလုပ်
Jan 18,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာ၌ တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ဘားအံပညာရေးဒီဂရီကောလိပ်တွင် မောင်မယ်သစ်လွင် ၁၆၁ ဦးအပါအဝင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းသား၊ကျောင်းသူ ၄၉၄ ဦး တက်ရောက်လျက်ရှိ
Jan 18,2023
ဘားအံပညာရေးဒီဂရီကောလိပ်တွင် ကရင်ပြည်နယ်အတွင်းမှ ၂၀၂၂ ခုနှစ်၌ အခြေခံပညာအထက်တန်းအောင် ပထမနှစ် ကျောင်းသား၊ကျောင်းသူ မောင်မယ်သစ်လွင် ၁၆၁ ဦးအပါအဝင် ပထမနှစ်(ဒုတိယနှစ်ဝက်) ၂၇၃ ဦး၊ ဒုတိယနှစ်(ပထမနှစ်ဝက်) ၆၀ ဦး စုစုပေါင်း ၄၉၄ ဦး တက်ရောက်လျက်ရှိကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားမှ သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ (၄၃) အုပ်စုထုတ်ချေးပြီးဖြစ်
Jan 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ၂၀၂၂ ခုနှစ်  ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေများအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင်စတင် ထုတ်ချေးခဲ့ရာ  ယမန်နေ့အထိ ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စု (၇၃) အုပ်စုရှိသည့်အနက် ကျေးရွာအုပ်စု (၄၃) အုပ်စုရှိ တောင်သူများ အားထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် ဒါးကတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဒါးကတိုက်နယ်အုပ်ချုပ်ရေးမှူး ဖလားအမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
Jan 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကတွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်တွင် ဒါးကဘောလုံးကွင်း၌ ကျင်းပခဲ့သည်။
ကန့်ဘလူမြို့ အ.ထ.က (၁) ၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jan 18,2023
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည့် အနာဂါတ်ခေါင်းဆောင် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။