ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင် ဇန်နဝါရီလ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရဟန်းရှင်၊ လူ၊ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် (၁၈)နှစ်အထက် ထပ်ဆောင်း Boster (၁၁၈)ဦး ဒုတိယအကြိမ်ထိုးနှံ့သူ(၂၉)ဦးနှင့် (၅)နှစ်မှ (၁၈)နှစ်အတွင်း ပထမအကြိမ်ထိုးနှံသူ (၄၃)ဦးတို့အား ဆရာဝန်ကြီးဒေါက်တာမြတ်သူဝင်းဦးဆောင်၍ သူနာပြုအဖွဲ့အများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအတိုင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံတွင် အပတ်စဉ်အင်္ဂါနှင့်သောကြာနေ့တိုင်းထိုးနှံပေးလျက်ရှိပြီး (၅၆)ဒေသန္တရဆေးခန်းတွင် အပတ်စဉ် အင်္ဂါနှင့်ကြာသပတေးနေ့တိုင်း အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)