ခါမ်းပါတ် ဇန်နဝါရီ ၁၈
ရာသီစာတစ်မျိုးဖြစ်ပြီး ဒေသခံများ အထူးကြိုက်နှက်သက်ကြသည့် မျောက်ငိုသီးများ ဆွတ်ခူးရောင်းချရန် နီးကပ်လာသည်နှင့်အမျှ ဈေးကောင်းပေး၍ အပင်ပြတ်ကြိုတင်ဝယ်ယူမှုများရှိနေကြောင်း သိရသည်။
ထိုကဲ့သို့ဝယ်ယူရာတွင် အသီးထွက်ရှိမှု အခြေအနေကိုကြည့်၍ တစ်ပင်လျှင် အနည်းဆုံး (၈၀၀၀၀) ကျပ်မှ ( ၃၀၀၀၀၀) ကျပ် ဝန်းကျင်အထိ ရရှိကြကြောင်းလည်းသိရသည်။
မျောက်ငိုပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် မိမိတို့အိမ်ဝင်းခြံများတွင်သာ အဓိကထားစိုက်ပျိုးကြပြီး အချို့မှာဥယာဉ်ခြံများတွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြကြောင်းလည်း သိရသည်။
မျောက်ငိုသီးသည် ဒေသခံများနှက်သက်စွာ စားသုံးကြသလို အိန္ဒယနိုင်ငံဘက်မှ အမြောက်အများဝယ်ယူသည့်အတွက် ဈေးကွက်ရှိသော နှစ်ရှည်သီးပင်လည်း ဖြစ်သည်။
သားငယ် (ခါမ်းပါတ်)