ကလိန်အောင် ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ကော့လှိုင်ကျေးရွာ အခြေခံပညာ မူလတန်း (လွန်) နတ်အိမ်တောင်ကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပသည်။
ရှေးဦးစွာ အမက-(မူလွန်) နတ်အိမ်တောင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများက "ပညာပန်းခင်း" သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ထိုနောက် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အမက-မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်မှ ၂၀၂၂-၂၀၂၃ ပညာသစ်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင် ဦးကျော်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသစ်နှစ်အတွင်း ပညာရည်ချွန်ဆုနှင့် ကာယ ဉာဏဆုရရှိသည့် ကျောင်းသူ/ကျောင်းသားများကို အထက လိန်အောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်း၊ ဌာနဆိုင်ရာများ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မိဘ/ဆရာအသင်းဝင်များနှင့် ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများကို အသီးသီး ဆုချီးမြှင့်ပေးခဲ့ကြသည်။ ယင်းနောက် ကျောင်းသူ/ကျောင်းသားများက အတန်းလိုက် အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကလိန်အောင်မြို့ ဌာနဆိုင်ရာများ၊ ကလိန်အောင်နယ်မြေခံတပ်ရင်းမှ အရာရှိများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ သူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)